Language Lab
Audio Language laboratory Equipment
SG Model LC 10-M
Explanation of the System

SG Model LC 10-M တွင်ပါဝင်သောပစ္စည်းများမှာ
- Teacher Unit
- Student Unit များ (၂၄ သို့မဟုတ် ၅၄ အထိ) တို့ပါဝင်သည်။
ဤစနစ်တွင် ဆရာထံ၌ Teacher Unit ကိုတပ်ဆင်ပြီး၊ ကျောင်းသားများထံတွင် Student Unit များကို အသီးသီး တပ်ဆင်ထားရှိပါသည်။
ဤစနစ်ကို Local AC Powerဖြင့်ဖြစ်စေ DC 12V ဖြင့်ဖြစ်စေ အသုံးပြုနိုင်ပါသည်။အားအပြည့်ရှိသော 12 Volts/ 35AH Battery တစ်ခုဖြင့် ၁၀ နာရီခန့်ဆက်တိုက် အသုံးပြုနိုင်သလို ဖြင့်လည်း သုံးနိုင်ပါသည်။ မီးအားအပြောင်းအလွဲ များသောနေရာများ၊ လျှပ်စစ်မီး အခက်အခဲရှိနိုင်သော နေရာများတွင် Battery ဖြင့်အသုံးပြုနိုင်ပါသည်။ Battery ဖြင့်အသုံးပြုသူများအတွက် Automatic Battery Charger (Optional) ကို တွဲသုံးနိုင်ပါသည်။ဤ Battery Charger သည် 12Volts/ 35AH Battery အား System တွင် အသုံးပြုနေစဉ်တွင်ပင် Charging သွင်းနိုင်ရန် ပြုလုပ်ထားပါသည်။AC Voltage Regulator ပါဝင်ပြီး Battery Overcharge မဖြစ်စေရန် Charging Autostop စနစ်ကို အသုံးပြုထားပါသည်။
ဆရာသည် Teacher Unit မှ Power Switch ကိုဖွင့်လိုက်သည်နှင့် System တစ်ခုလုံးသည် Ready ဖြစ်သွားသည်။
ရွေးချယ်ခြင်း။
Teacher Unit မှ Student Selector Switch များဖြင့် ဆရာသည် ကျောင်းသားတစ်ဦးမှစ၍ မိမိနှစ်သက်သလို အကန့်အသတ်မရှိ ရွေးချယ်၍ ကျောင်းသားများအား ဆွေးနွေးစေခြင်း၊ မိမိ၏မေးခွန်းများကို ပြန်လည်ဖြေကြားစေခြင်းများ ပြုလုပ်နိုင်ပါသည်။
Teacher Unit ပေါ်မှ Student Active LED များသည် မိမိရွေးချယ်ခွင့်ပြုထားမှု ကို ဆရာအား သိရှိစေနိုင်ပါသည်။
ကျောင်းသားတစ်ဦးဦးက မိမိအားဖြေကြား၊ ဆွေးနွေးလိုကြောင်းကိုမှု Teacher Unit မှ Buzzer အသံထွက်ပေါ်လာစဉ်တွင် Teacher Unit ၌ လင်းလာပြီး မှိတ်သွားသော Student တစ်ဦးဦး၏ နေရာမှ LED ကိုကြည့်၍ သိရှိနိုင်ပါသည်။
Teacher Unit တွင် Computer တစ်လုံးလုံးမှ Line out ကို Audio Cable ဖြင့် Input Socket များမှ Computer နေရာတွင် ဆက်သွယ်ထား၍၄င်း၊ Audio Cassette Recorder တစ်လုံးလုံးမှ Line out သို့မဟုတ် Auxiliary out တစ်ခုခုကို Audio Cable ဖြင့် Input Socket များမှ Cassette နေရာတွင်ဆက်သွယ်ထား၍၄င်း၊Video Cassette Recorder တစ်လုံးလုံးမှ Audio output သို့မဟုတ် VCD Player တစ်ခုခုမှ Audio output ကို Audio Cable ဖြင့် Input Socket များမှ Video နေရာတွင် ဆက်သွယ်ထားပြီးလျှင် ဆရာသည် Input တစ်ခုခုကို မိမိနှစ်သက်သလို Input Selector ကို အသုံးပြု၍ ရွေးချယ်ပြီး ကျောင်းသားများထံသို့ Pass Switch အသုံးပြုပို့ပေးနိုင်သည်။
အပြန်အလှန် ဆွေးနွေးပြောဆိုခြင်း
ဆရာနှင့် ကျောင်းသားအားလုံးတွင် Multimedia Headset တစ်ခုစီရှိကြပါသည်။
ထို Multimedia Headset များဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခြင်း သင်ကြားခြင်းများ ပြုလုပ်နိုင်ပါသည်။
အကယ်၍ ဆရာသည် ကျောင်းသားများနှင့် အနီးကပ် ဖြစ်စေ၊ Projection Screen စသည်တို့ဖြင့် ရှင်းပြလိုသည့် အခါတွင်ဖြစ်စေ Multimedia Headset ကို သုံးရာတွင် အခက်အခဲရှိလာနိုင်ပါသည်။ ထိုအခါ Multimedia Headset အစား Wireless Microphone ကိုအသုံးပြု နိုင်ပါသည်။
Wireless Microphone ကို သုံးစဉ် ကျောင်းသားများ၏ အသံကို ကြားနိုင်ရန် External Speaker ကိုတပ်ဆင်ခြင်းဖြင့် ဆရာသည် ကျောင်းသားများ၏ အသံကို စာသင်ခန်းအတွင်း မည်သည့်နေရာမှမဆို ကြားရနိုင်ပါမည်။
Wireless Microphone သုံးသည့်အခါ ကိုင်၍ပြောရသော သာမန် Wireless Microphone များအပြင် ကော်လံ သို့မဟုတ် အင်္ကျီတစ်နေရာရာတွင် ညှပ်၍သုံးနိုင်သော သင့်တော်မည့် Wireless Collar Microphone များကိုလည်း ရရှိနိုင်ပါသည်။
ကျောင်းသားများ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးနေစဉ်တွင် ဖြစ်စေ၊ ကျောင်းသားအချို့နှင့် ဆရာအပါအ၀င် ဆွေးနွေးခြင့်များပြုနေစဉ်တွင်ဖြစ်စေ၊ ဆရာသည် မိမိတစ်ဦးတည်းကသာ ပြောလိုပါလျှင် Mute All Student Switch ကိုတစ်ကြိမ်နှိပ်၍ ပြောကြားခြင်းဖြင့် ဆရာ၏ပြောကြားခြင်းကို မည်သည့်ကျောင်းသားကမျှ ၀င်ရောက် ပြောဆိုနိုင်ခြင်း မရှိပါ။ ဆရာပြောပြီးမှသာ Mute All Student Switch ကိုနောက်တစ်ကြိမ် ပြန်နှိပ်ပေးခြင်းဖြင့် ကျောင်းသားများကို ပြန်ပြောစေနိုင်ပါသည်။
ဆရာသည် မည်သည့်ကျောင်းသားကမျှ Request မလုပ်ထားသော်လည်း မိမိက ပြောစေလိုသော ကျောင်းသားတစ်ဦးဦးကို မေးစေလို၊ ပြောစေလိုသော အခါ ထိုကျောင်းသားနှင့် သက်ဆိုင်သော Student Selector Switch ကိုနှိပ်၍ ပြောစေနိုင်ပါသည်။ ကျောင်းသား တစ်ဦးထက်ပိုမို ရွေးချယ်၍လည်း ထိုကျောင်းသား အချင်းချင်း ပြောစေနိုင်ပါသည်။
ကျောင်းသားသည် မိမိထံမှ Student Unit တွင်တပ်ဆင်ထားသေား Function LED ကိုကြည့်၍ ထို Function LED သည် ဆက်တိုက်လင်းနေပါလျှင် ဆရာကမိမိအား ပြောစေလိုကြောင်း သိရပါမည်။
မိမိက ပြောလို၊ မေးလိုသောအခါ ထို Function LED လင်းမနေပါလျှင် Request Switch ကိုနှိပ်ရပါမည်။ ထိုအခါ Function LED သည်နှိပ်ထားစဉ် ခဏသာလင်းပြီး လွှတ်လိုက်ပါက မှိတ်သွားမည်။ခေတ္တစောင့်၍ Function LED သည်ဆက်တိုက် လင်းလာသော အခါမိမိ ကပြောလို၊ မေးလိုသော အချက်များကို မေးရ၊ ပြောရပါမည်။ အကယ်၍ ဆရာသည်မိမိ အား သတိမထားမိ ဟုယူဆလျှင် Request Switch ကိုထပ်ခါထပ်ခါ နှိပ်နိုင်ပါသည်။
ကျောင်းသားသည် မိမိ၏ Headphone မှ အသံကို မိမိ၏နားမှပီသစွာကြားရရုံ ပမာဏ မျှကိုသာ Multimedia Headset မှ Volume Control ဖြင့်ချိန်ထားသင့်ပါသည်။
ကျောင်းသားသည် မိမိအား ဆရာမှခေါ်သောအခါ မိမိအားခေါ်မှန်းသိရန် မိမိ၏ခုံအမှတ်ကို သိရှိထားရပါမည်။
Audio Language laboratory Equipment
SG Model LC 10-M
Panel Components and Their usage
SG Model LC 10-M တွင်ပါဝင်သောပစ္စည်းများမှာ
- Teacher Unit နှင့်
- Student Unit များပါဝင်သည်။

1. Teacher Unit
အောက်ဖော်ပြပါပုံတွင် Teacher Console တစ်ခု၏ မျက်နှာစာကို ပြထားသည်။
Student Selector Switch
Student Selector Switch သည် Toggle Switch တစ်ခုဖြစ်သည်။ပထမ အကြိမ်နှိပ်လျှင် သက်ဆိုင်ရာ ကျောင်းသားတစ်ဦးဦးကို ရွေးချယ်ခြင်းဖြစ်၍ နောက်တစ်ကြိမ်နှိပ် လျှင် ထိုကျောင်းသားကို ရွေးချယ်ခြင်းမှ ရပ်လိုက်ခြင်းဖြစ်သည်။ကျောင်းသား တဦးကို ရွေးချယ်လိုက်ပါက ထိုကျောင်းသား၏ Student Unit မှ LED သည် လင်းလာမည်။ထိုအခါ ထိုကျောင်းသားသည် မိမိ၏ Microphone မှတဆင့် ဆရာထံသို့ဖြစ်စေ၊ အခြားကျောင်းသားများ သို့ဖြစ်စေ ပြောနိုင်ပါသည်။အကယ်၍ ကျောင်းသားအားလုံး အား တစ်ဦးနှင့်တစ်ဦး ပြောစေလိုပါက ဤ Student Selector Switch အားလုံးကို နှိပ်ပေးရမည်။
Student Active LED
Student Active LED သည် Student Selector Switch ၏ အနေအထားကို ဖော်ပြသည်။ Student Active LED လင်းနေလျှင် သက်ဆိုင်ရာ ကျောင်းသားတစ်ဦးဦးကို ရွေးချယ်ထားခြင်းဖြစ်၍ မလင်းပါကထို ကျောင်းသားကို ရွေးချယ်ခြင်းမှရပ်လိုက်ခြင်းဖြစ်သည်။
Mute All Student Switch
Mute All Student Switch သည် Student အချို့ သို့မဟုတ် Student အများအားဖြင့် ပြောဆိုခွင့်ပြုထားသည် မှ ဆရာသည် မိမိတစ်ဦးတည်းက ပြောလိုသောအခါ ဤခလုပ်ကို သုံးနိုင်ပါသည်။မူရင်းအနေအထားမှ ပထမ အကြိမ် နှိပ်လျှင် လင်းနေသော Student Active LED အားလုံး မှိတ်သွားမည်။ကျောင်းသား များကို ပြောဆိုခွင့် ရပ်လိုက်ခြင်း ဖြစ်သည်။ နောက်တစ်ကြိမ်နှိပ်လျှင် မူလအနေအထားသို့ ပြန်ရောက်ပါသည်။
Headphone Volume Control
Headphone Volume Control ကိုအသုံးပြု၍ ဆရာသည် မိမိ၏ Headphone မှထွက်သော အသံ အတိုး အကျယ်ကို ချိန်ယူနိုင်ပါသည်။
Input Volume Control
Input Volume Control ကိုအသုံးပြု၍ ဆရာသည် Computer,Audio Cassette နှင့် Video Cassette Recorder တို့ မှထွက်သော အသံ အတိုး အကျယ်ကို ချိန်ယူနိုင်ပါသည်။
Line Volume Control
Line Volume Control ကိုအသုံးပြု၍ ဆရာသည် ကျောင်းသားများ အချင်းချင်း ဆွေးနွေးရာတွင် ကျောင်းသားများ အချင်းချင်းပြောကြားသော အသံ၏ အတိုး အကျယ်ပမာဏကို ချိန်ပေးနိုင်ပါသည်။အကယ်၍ ဤ Line Volume Control ကို အနိမ်ဆုံးထားရှိပါမူ ကျောင်းသားများသည် မိမိတို့ အချင်းချင်း အသံကို မကြားရတော့ပဲ ဆရာ ၏ အသံတစ်ခုတည်းသာ ကြားရပါမည်။
Pass Switch
Pass Switch ကိုအသုံးပြု၍ ဆရာသည် Computer,Audio Cassette နှင့် Video Cassette Recorder တို့ မှထွက်သော အသံကို ကျောင်းသားများသို့ ပို့ပေးနိုင်ပါသည်။
Input Selector
Input Selector ကိုအသုံးပြု၍ ဆရာသည် Computer,Audio Cassette နှင့် Video Cassette Recorder တို့ မှထွက်သော အသံများအနက် မိမိကြိုက်ရာကို ရွေးချယ်ပို့ပေးနိုင်ပါသည်။
Talk Switch
ဆရာသည် ကျောင်းသားများသို့ စကားပြောလို သောအခါ Talk Switch ကိုနှိပ်၍ ပြောနိုင်ပါသည်။
Talk Switch အပေါ်မှ LED သည် အစိမ်းရောင်ဖြစ်နေပါက ပြော၍မရပါ၊ အ၀ါရောင်(သို့)အနီရောင် ဖြစ်နေမှသာပြောနိုင်ပါသည်။
Headphone Socket
Headphone Socket သည် Multimedia Headset မှ Headphone Jack ကိုတပ်ဆင်ရာ နေရာဖြစ်သည်။
Microphone Socket
Microphone Socket သည် Multimedia Headset မှ Microphone Jack (အနီ သို့မဟုတ် အဖြူ) ကိုတပ်ဆင်ရာ နေရာဖြစ်သည်။Wireless Microphone ကိုသုံးလိုပါက သင့်တော်သော Adaptor တစ်ခုကို သုံး၍ တပ်ဆင် အသုံးပြုနိုင်ပါသည်။
Teacher Unit ၏ ဘေးဘက်မှ Socket များ
Wireless Mic Socket
Wireless Mic Socket သည် Wireless Mic Receiver တပ်ဆင်ရာနေရာဖြစ်ပါသည်။
Input Sockets
Input Sockets များသည် Computer,Audio Cassette နှင့် Video Cassette Recorder တို့မှ Audio Output များနှင့် ဆက်သွယ်ရာ နေရာများဖြစ်ပါသည်။ အားလုံးကို ကြိုတင်ဆက်သွယ် ထားနိုင်ပါသည်။
External Speaker Output Socket
ဆရာသည် Remote Microphone ကိုအသုံးပြု၍ စကားပြောစဉ်တွင် ကျောင်းသားများ ပြောသောအသံကို အဝေးမှကြားနိုင်ရန် External Speaker နှင့်ဆက်သွယ်ရာ Socket ဖြစ်ပါသည်။ပူးတွဲသုံးနိုင်သော Speaker များကိုလည်းရရှိနိုင်ပါသည်။
Record Output Socket
ဆရာသည်သင့်တော်သော Recording Cassette တစ်လုံးလုံးကိုအသုံးပြု၍ စကားပြောစဉ်တွင် ကျောင်းသားများ ပြောဆိုဆွေးနွေးမှုများကို ဤ Record Output Socket နှင့်ဆက်သွယ်၍ အသံဖမ်းရန်ဖြစ်ပါသည်။
AC Power Cord
AC Power Cord သည် Local AC Power(220 Volts) နှင့် ဆက်သွယ်ရန် ဖြစ်ပါသည်။ မီးအားအပြောင်းအလွဲများခြင်း မီးအားကျဆင်းခြင်းများရှိပါက AC Power Cord ကို Power Supply မှ AC Outlet တွင်တပ်ဆင်အသုံးပြုနိုင်ပါသည်။ အကယ်၍ External Battery Power နှင့်အသုံးပြုပါ လျှင် AC Power Cord ကို AC Line နှင့်၎င်း Power Supply မှ AC Outlet တွင်၎င်းဆက်သွယ်ရန် မလိုပါ။DC Power ဖြင့်ပင်သုံးနိုင်ပါသည်။
DC Terminals
အနက်ရောင် နှင့် အနီရောင် DC Terminals (၂)ခုသည် External Battery(12V) နှင့် ဆက်သွယ်ရန် ဖြစ်ပါသည်။ အနီရောင်ကို Battery ၏ positive နှင့် ၄င်း အနက်ရောင်ကို Battery ၏ Negative နှင့်၎င်း ဆက်သွယ်ရပါမည်။
Mains Switch
Mains Switch သည် System Power အဖွင့်၊အပိတ် ပြုလုပ်ရန် ဖြစ်ပါသည် AC Power နှင့် DC Power နှစ်မျိုးလုံးကို တစ်ပြိုင်တည်းပိတ်ပေး၊ဖွင့်ပေးနိုင်ပါသည်။Main Switch အဖွင့် အပိတ်သည် Battery Charging နှင့် မသက်ဆိုင်ပါ။
2. Student Unit
အောက်ဖော်ပြပါ ပုံတွင် Student Station တခု၏ မျက်နှာစာ ကိုပြထားသည်။

Headphone Socket
Headphone Socket သည် Multimedia Headset မှ Headphone Jack ကိုတပ်ဆင်ရာ နေရာဖြစ်သည်။
Microphone Socket
Microphone Socket သည် Multimedia Headset မှ Microphone Jack (အနီ သို့မဟုတ် အဖြူ) ကိုတပ်ဆင်ရာ နေရာဖြစ်သည်။
Request Switch & Action LED
Request Switch သည် ကျောင်းသားမှ မိမိပြောလိုကြောင်း အသိပေးသည်ခလုတ် ဖြစ်ပါသည်။ဤ ခလုတ်ကို နိုပ်ပါလျှင် ကျောင်းသားထံတွင် Student Unit မှ LED လင်းလာမည်။ တပြိုင်တည်း ဆရာထံ၌ Buzzer သံပေါ်လာမည်၊Student Active LED သည်လည်း ခေတ္တလင်းလာမည်။Buzzer သံသည် Request Switch ကိုနိုပ်သည့်အခါတိုင်း ဆရာ၏ Control တွင် ဖြစ်ပေါ်လာမည်။ Request Switch သည် Press On Switchဖြစ်ပါ၍ လွှတ်လိုက်ပါက Off ဖြစ်သွားမည်။
Student Unit ၏ ဘေးမှ Socket များ
Record Output Socket
ကျောင်းသားသည် သင့်တော်သော Recording Cassette တစ်လုံးလုံးကို အသုံးပြု၍ ဆရာမှ ဟောပြောပို့ချချက်များ၊ ဆရာနှင့်အခြားကျောင်းသားများ၏ ပြောဆိုဆွေးနွေးမှု များကို ဤ Record Output Socket နှင့်ဆက်သွယ်၍ အသံဖမ်းရန် ဖြစ်ပါသည်။
Display Socket
LED Display တပ်ဆင်ရာဖြစ်ပါသည်။ကျောင်းသားများ အသုံးပြုရန် မဟုတ်ပါ ကျွမ်းကျင်သူများ (သို့မဟုတ်) ဤ System ကိုတပ်ဆင်သူများ သာ ဖြုတ်ခြင်း တပ်ခြင်းများ ပြုလုပ်သင့်ပါသည်။

