မည်သည့်နေရာက စာတွေကိုမဆို ကူးယူပေးနိုင်တဲ့ Universal Copy (Android)

0 Comments

Universal Copy ဆိုတဲ့ App က Android မှာ copy လုပ်လို့ မရတဲ့ စာတွေကို ကူးယူနိုင်အောင် ပြုလုပ်ပေးပါတယ်။ ဥပမာ – Facebook app နှင့် Facebook အသုံးပြုတဲ့ အခါ newsfeed က စာတွေ comment တွေကို copy လုပ်လို့မရပါဘူး။ အဲ့လိုအခါမျိုးမှာ Universal Copy ရဲ့ အကူအညီ နှင့် သင်သိမ်းဆည်း ထားလို တဲ့ စာတွေကို copy ပြုလုပ်နိုင်ပါတယ်။Universal Copy ကို အသုံးပြုဖို့ Play Store မှာ ရရှိနိုင်ပါတယ်။ ဒီလင့် ကနေသွားလိုက်ပါ။Install လုပ်ပြီး app ကို run လိုက်လျှင် ပေါ်လာမယ့် interface မှာ Universal Copy ဆိုတဲ့ service ကိုမြင်ရပါမယ်။ ထို service ကို activate လုပ်ပေးဖို့လိုအပ်ပါတယ်။

Universal Copy ဆိုတဲ့ စာရဲ့ ဘေးနားက button လေးကို On လိုက်လျှင် Android ရဲ့ Accessibility settings ထဲကို ရောက်သွားပါမယ်။ အဲ့ settings မှာ ထပ်ပြီး တွေ့ရမယ့် Universal Copy ဆိုသည့် service ထဲဝင်ပြီး On ပေးလိုက်ပါ။

Use Universal Copy? ဆိုသည့် box လေးပေါ်လာလျှင် OK ကိုနှိပ်ပေးပြီး approve လုပ်လိုက်ပါ။ ဒါဆိုရင် Universal Copy က activate ဖြစ်သွားပါပြီ။Activate ဖြစ်သွားပြီ ဆို Phone ရဲ့ notification bar လေးကို ဆွဲချကြည့်လိုက်ပါ။

Universal Copy ဆိုတဲ့ app လေး ရှိနေတာ တွေ့ရင် အသုံးပြုလို့ရသွားပါပြီ။

သင် copy လုပ်လိုတဲ့ စာကို တွေ့ပြီဆို တစ်ခါတည်း ကူးယူလို့တော့မရပါဘူး။ Universal Copy နှင့် copy လုပ်မယ်ဆို text ကို copy မလုပ်ခင် notification bar ကို ဆွဲချပြီး Universal Copy ကို touch တစ်ချက်ပေးပြီး activate လှမ်းလုပ်ရပါတယ်။

ပြီးလျှင်တော့ သင်ကူးယူလိုတဲ့ text ကို select ပေးပြီး screen ရဲ့ ညာဘက် အပေါ်ထောင့်မှာ ပေါ်လာမယ့် copy icon လေးကို နှိပ်ပြီးကူးယူနိုင်ပါတယ်။

copy icon ရဲ့ ဘေးက ခဲတံပုံ icon ကိုနှိပ်လျှင်တော့ သင် select ပေးလိုက်တဲ့ စာတွေကို ပြန်လည် edit ပြုလုပ်နိုင်ပါတယ်။Universal Copy ကို အသုံးပြုပြီး ကိုယ်ကူးယူထားလိုတဲ့ စာတွေကို၊ တဆင့်ပြန်ရှယ်လိုတဲ့ စာတွေကို အလွယ်တကူ ကူးယူအသုံးပြုနိုင်ပါတယ်။ Copy လုပ်လို့မရလိုရ screenshot ထားရတာမျိုးမရှိနိုင်တော့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *