Windows Dialog Box မှ စာတွေကို တိုက်ရိုက်ကူးယူနိုင်တဲ့ Texify

0 Comments

တစ်ခါတစ်လေ Windows မှာ ကြုံရလေ့ရှိတဲ့ error dialog box တွေမှာ error code တွေနှင့် စာတွေဟာ အရမ်းရှည်လျားနေတတ်ပါတယ်။ Error code message ကို ကူးယူပြီး Google မှာ ရှာဖွေဖို့ဆိုရင် message တွေကို တိုက်ရိုက် copy ယူလို့မရနိုင်ပဲ ဒီအတိုင်း ရေးချရပါတယ်။ error message တိုလေးတွေ ဆိုရင် အကြောင်း မဟုတ်ပေမယ့် message တွေ ရှည်လျားတဲ့ အခါ တော်တော် အလုပ်ပိုလှပါတယ်။ အဲ့ဒါကို အဆင်ပြေလွယ်ကူစေမယ့် portable program သေးသေးလေး ရှိပါတယ်။ Texify ဆိုတဲ့ software လေးပါပဲ။ သူက Windows မှာ ပေါ်လာတဲ့ error dialog box က စာတွေကို ကူးယူလို့ရရှိနိုင်အောင်လို့ selectable text အဖြစ် ပြောင်းပေးပါတယ်။ Error dialog မှ text တွေတင်မကပါဘူး။ Windows မှာ ပေါ်လာတဲ့ စာတော်တော်များများကို ကူးယူနိုင်ပါတယ်။

ဒီ program ကို အသုံးပြုဖို့ အတွက် ဒီလင့် မှတဆင့်သူ့ website မှာ သွားပြီး download ယူနိုင်ပါတယ်။ Download ချပြီးလျှင် portable program ဖြစ်တာမို့ install လုပ်စရာမလိုပဲ တိုက်ရိုက် run ရုံပါပဲ။ program box သေးသေးလေးပေါ်လာပြီး ထိုနေရာမှာ သင် အသုံးပြုမယ့် shortcut ကို သတ်မှတ်ပေးနိုင်ပါတယ်။ Default အားဖြင့်တော့ Shift+Middle Mouse လို့ပေးထားပါတယ်။ တကယ်လို့ သင်က laptop အသုံးပြုသူတစ်ယောက်ဆိုရင်တော့ တခြားသင်နဲ့ အဆင်ပြေစေမယ့် shortcut မျိုးကို ပြန်လည်သတ်မှတ်ပေး နိုင်ပါတယ်။

ပြီးရင်တော့ pop up window တစ်ခုခုမှာ ပေါ်လာတဲ့ စာပေါ်သို့ mouse cursor ကို ထောက်ပြီး သတ်မှတ်ထားတဲ့ shortcut ကို နှိပ်ကြည့်လိုက်ပါ။

Window မှ စာတန်းတွေက copy ကူးယူနိုင်တဲ့ text တွှေ အဖြစ် ပြောင်းသွားတာကို တွေ့ မြင်ရမှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *