Responsive Website ဆိုတာဘာလဲ ?

မြန်မာနိုင်ငံတွင် 2013 နှစ်မှစ၍ Responsive website များ ခေတ်စားလာပေသည်။ Responsive website ဆိုသည်မှာ မည်သည့် screen အမျိုးအစားနှင့်မဆို ကြည့်ရှုရန် အဆင်ပြေအောင် ရေးဆွဲပေးထားခြင်းဖြစ်သည်။ မည်သည့် device တွင်မဆို Fix ဖြစ်အောင် ရေးသားထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် Reponsive Layout ၃ မျိုးရှိပေသည်။

  • Computer View
  • Tablet View
  • Mobile View

Responsive ရဲ့အားသာချက်

ယနေ့ခေတ်တွင် လူတိုင်းနီးပါး Mobile Phone ကိုင်နိုင်လာပြီဖြစ်သလို အင်တာနက်အသုံးပြုမှုသည်လည်း မြင့်တတ်လာပါပြီ။ Computer နဲ့ အင်တာနက် အသုံးပြုခြင်းထက် Phone ဖြင့်အသုံးပြုခြင်းက ပိုမိုများပြားပေသည်။ မိမိ၏ စီးပွားရေး Website သည် Responsive ဖြစ်လျှင် Customer များအတွက် ကြည့်ရှုရ အဆင်ပြေနိုင်မည်။ မိမိ၏ လုပ်ငန်းများကို ဖုန်းပေါ်တွင် အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ခြင်းဖြင့် လုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်ပေသည်။