Windows 10 မှာ PC Startup Time ကို ပိုမိုလျင်မြန်လာစေမယ့် နည်းအချို့

0 Comments

လူတိုင်း မိမိ Computer speed မြန်ဆန်တာကိုပဲ နှစ်သက်ကြပါတယ်။ သင့် PC က စဖွင့်ဖွင့်ချင်းကို သင်လိုချင်တဲ့ လျင်မြန်မှုမျိုးနှင့် မတက်လာဘူး ဆိုရင်တော့ စိတ်ညစ်ရပါတယ်။ တကယ်လို့ သင်က Windows 10 အသုံးပြုသူဆိုလျင်တော့ Microsoft မှ built-in ထည့်သွင်းပေးထားတဲ့ startup app manager ကို အသုံးပြုပြီး ဖြေရှင်းနိုင်ပါလိမ့်မယ်။

Startup Manager ကို အသုံးပြုဖို့အတွက်တော့ task manager ( ctrl+shift+Esc) ကို ဖွင့်လိုက်ပါ။ Task manager ထဲမှာ Startup ဆိုတဲ့ tab ရှိပါတယ်။ အဲ့ထဲကို ဝင်လိုက်မယ်ဆိုရင် PC စဖွင့်ဖွင့်ချင်းမှာ အလုပ်လုပ်တဲ့ program တွေရဲ့ list ကိုမြင်ရပါမယ်။ Program list ထဲရှိ ညာဘက် အစွန်ဆုံးမှာ Startup impact ဆိုတဲ့ column ကို တွေ့ရမှာဖြစ်ပြီး software တစ်ခုစီရဲ့ startup time အပေါ် သက်ရောက်တဲ့ နှုန်းကို ပြသပေးထားပါတယ်။ High, Medium, Low စသည်ဖြင့် အဆင့်သုံးဆင့် ခွဲပြီး သတ်မှတ်ပေးထားပါတယ်။ “Not measured” ဆိုတဲ့ စာကိုလဲ တွေ့နိုင်ပြီး သူကတော့ Windows မှ ထို program ရဲ့ သက်ရောက်မှုကို မသိရှိသေးဘူးလို့ ဆိုလိုပါတယ်။ Install လုပ်ထားကာစ program တွေ ဖြစ်နေလို့ပါ။

Program list ထဲရှိ program တစ်ခုချင်းစီကို ကြည့်ပြီး တစ်ခုချင်း လိုက်ပိတ်ပစ် နိုင်ပါတယ်။ Program ကို select ပေးပြီး အောက်ဘက်ရှိ disable ခလုပ်ကို နှိပ်လိုက်မယ် ဆိုရင် ထို program ဟာ နောက်တစ်ခါ computer ဖွင့်ဖွင့်ချင်း run တော့မှာ မဟုတ်ပါဘူး။

တစ်ချို့ software တွေက Windows startup ထဲမှ မမြင်ရတာမျိုးလဲ ရှိတတ်ပါတယ်။ အဲ့ဒါတွေကတော့ manufacturer တွေမှ install လုပ်ပေးလိုက်တဲ့ software မျိုးတွေပါ။ သူတို့တွေဟာ task manager ကနေ ကြည့်လို့ မမြင်နိုင်ပဲ PC startup လုပ်တဲ့ အချိန်မှာ run ပြီး နှေးကွေးစေတတ်ပါတယ်။ ဒီ software တွေ ရှိမရှိသိလိုလျှင်တော့ ဒီ program တွေဟာ notification area မှာ icon တွေ ထားလေ့ရှိတတ်တဲ့ အတွက် အဲ့ဒီ့ မှာ စစ်ဆေးနိုင်ပါတယ်။ အဲ့လို software မျိုးတွေကို disable ပေးလိုလျှင်တော့ သူတို့တွေကို တကယ် သုံးမသုံး သေချာလေ့လာပါ။ ဘာအတွက် ဒီ software တွေကို ထည့်သွင်းပေးလိုက်သလဲ ဆိုတာ သေချာအောင် လေ့လာပြီး ကိုယ့်အဖို့ လုံးဝအသုံးမဝင်ဘူး ဆိုလျှင် ပိတ်ထားနိုင်ပါတယ်။

ဒါ့အပြင် Windows 10 ရဲ့ startup ကို ပိုမိုလျှင်မြန်စေတဲ့ option တစ်ခုကို Microsoft မှ ထည့်သွင်း ပေးထားပါသေးတယ်။ Fast Startup ဆိုတဲ့ option ပါ။

Start menu ကို ဖွင့်ပြီး Settings ထဲသို့သွားပါ။ ပြီးလျှင် ညာဘက် အပေါ်မှာ ရှိတဲ့ search bar ထဲမှာ “ Power Options” လို့ရိုက်ရှာလိုက်ပါ။ Power Options ထဲရောက်ပြီဆို မြင်ရတဲ့ Choose what the power buttons do” ဆိုတာကို နှိပ်ပါ။

ထို့နောက်မှာ မြင်ရမယ့် “Define Power Buttons and Turn on Password Protection” ဆိုတဲ့ ခေါင်းစဉ်အောက်က “Change settings that are currently unavailable” ဆိုတာကို နှိပ်ပါ။ ( အပြာရောင် ဖြင့် ရေးသားထားပါတယ်။)

ပြီးလျှင်တော့ Shutdown Settings ဆိုတဲ့ အောက်ရှိ “Turn on fast startup” ဆိုတာကို အမှန်ခြစ်ပေးလိုက်ပါ။

ဒါဆိုလျှင်တော့ Fast Startup ကို On ပြီးပါပြီ။ နောက်မလိုချင်တော့လျှင်တော့ အမှန်ခြစ်ကို ပြန်ဖြုတ်ပေးရုံပါပဲ။

အထက်ပါ နည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် သင့် PC ရဲ့ startup time က ပိုမိုလျင်မြန်လာစေမှာပဲ ဖြစ်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *