Microsoft မှထုတ်လုပ်သည့် အသုံးဝင် Android apps များ

0 Comments

Microsoft ဟာ Smartphone လောက ကို အရှိန်အဟုန်နှင့် ပြိုင်ဘက်တွေအပေါ် ယှဉ်ပြိုင်နေဆဲပါ။ Windows Phone နှင့် ပါတ်သက်ပြီးတော့လဲ အပြင်းအထန်ကြိုးစားနေသလို Android ပိုင်းမှာလည်း Microsoft ရဲ့ နယ်ချဲ့မှု တွေကို တွေ့နိုင်ပါတယ်။ Android အတွက် ထုတ်ထားတဲ့ Microsoft ရဲ့ Office apps ဟာ rating ကောင်းတွေနှင့် download ပေါင်း ၅၀ မီလီယံ ကျော်ရှိထားတာ Play Store မှာ တွေ့ရှိနိုင်ပါတယ်။

ဒါတွေအပြင် Office နှင့် မသက်ဆိုင်တဲ့ app ပေါင်းများစွာကို Android အတွက် Microsoft မှ ထုတ်လုပ်ထားတာတွေ အများကြီးရှိပါတယ်။ ထိုအထဲမှ အသုံးဝင်တဲ့ apps တစ်ချို့ကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်။

Keyboard Hub

Keyboard Hub ကို Microsoft မှ ထုတ်လုပ်လိုက်တာ သိပ်မကြာသေးပါဘူး။ UI ကလှပသေသပ်ပြီးတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက်များစွာပါရှိပါတယ်။ Keyboard မှာ Microsoft မှ service မှ သို့မဟုတ် Office apps တွေမှ information တွေကို ရယူအသုံးပြုနိုင်တဲ့ built-in feature ပါရှိပါတယ်။ Office ကို Android မှာ အသုံးပြုလေ့ရှိသူတွေ အဖို့ အလွန်အဆင်ပြေပါတယ်။ Built-in sharing options ကို အသုံးပြုပြီး OneDrive ဖြင့် file sharing ပြုလုပ်ခြင်း စသည်တွေကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ သင့် phone contact တွေကိုလည်း ဒီ keyboard မှ တဆင့် share လုပ်နိုင်ပါတယ်။ ဒါ့အပြင် ပိုမိုအသုံးဝင်တဲ့ clipboard manager ပါရှိပြီး သင် copy လုပ်ထားတဲ့ text တွေကို လွယ်ကူစွာ ပြန်လည်ရှာဖွေ အသုံးပြုနိုင်ပါတယ်။ ဒါတွေတင်မက Translate လုပ်ရာမှာ အသုံးဝင်တဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ထိုလုပ်ဆောင်ချက်ကို အသုံးပြုပြီး သင် ရေးလိုက်တဲ့ စာကို ဘာသာစကားအမျိုးမျိုး တို့ အဓိပ္ပါယ် ပြန်ဆိုနိုင်ပါတယ်။

Arrow Launcher

Arrow Launcher ကို စတင်ထုတ်လုပ်လိုက်ချိန်မှ စပြီး သုံးစွဲသူ တော်တော်များများရှိခဲ့ပါတယ်။ Launcher ရဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းနှင့် အလုပ် ပိုမို တွင်ကျယ်စေအောင် ထောက်ပံ့ပေးထားတဲ့ feature တွေကြောင့်ပါ။ သုံးနေကျ apps တွေနှင့် contacts ကို phone ရဲ့ front page မှာ ထားပေးထားပါတယ်။ သင် လုပ်ဆောင်စရာရှိတဲ့ task တွေကို အလွယ်တကူ ရေးမှတ်နိုင်အောင်လည်း task widget တစ်ခု ပါရှိပါတယ်။

Arrow Launcher ရဲ့ UI ဟာ အမြင်အာရုံမှာ ရှင်းလင်းစေပါတယ်။Launcher settings ထဲသို့သွားပြီး Bing wallpaper တွေကို download ချပြီး မိမိဖုန်းမှာ အသုံးပြုလို့ရပါသေးတယ်။ အကောင်းဆုံး ကတော့ Arrow Launcher ဟာ battery အားကို အများကြီးမသုံးစွဲအောင် ဖန်တီးထားပြီး file size ကိုလဲ lightweight ဖြစ်အောင် ပြုလုပ်ထားတဲ့ အတွက် file size က 7MB ကျော်ကျော်ပဲ ရှိပါတယ်။

Next နှင့် Picturesque

Microsoft မှ Android အတွက် lock screen ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ Lock screen ကို နှစ်မျိုးထုတ်ပေးထားပါတယ်။ ပထမတစ်ခုက Next Lock Screenပါ။ Next က ပုံမှန် smartphone အသုံးပြုမှုကို lock screen ပေါ်မှာတင် ပြီးမြောက်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ဖုန်းခေါ်ခြင်း, message ပို့ခြင်း၊ ရာသီဥတု သတင်း ရယူခြင်း၊ Social network များမှ notification တွေကို ကြည့်ရှုခြင်း အစရှိသည် တွေကို lock screen ပေါ်မှာတင် လုပ်ဆောင်နိုင်ပါတယ်။ သင်က အမြဲ အလုပ်များ သွားလာနေရပြီး Lock screen ကို မကြာခဏ ဖွင့်မနေချင်တဲ့ လူမျိုးဆိုလျှင်တော့ အသုံးတည့်ပါလိမ့်မယ်။

နောက်တစ်ခုကတော့ Picturesque Lock Screen ပါ။ သူက Bing website က wallpaper အလှတွေကို download ချပေးပြီး lock screen ကို အလှဆင်ပေးပါတယ်။ Universal search ပါရှိပြီး သင့် phone ထဲမှာ ရှိတဲ့ Apps, contacts, events စတာတွေကို lock screen မှာပင် ရှာဖွေမှုတွေ ပြုလုပ်နိုင်ပါတယ်။

Microsoft Hyperlapse

Camera ပိုင်းကိုလည်း Microsoft က ချန်မထားပါဘူး။ Microsoft Hpyerlapse က နာမည်က ညွှန်းဆိုထား သလိုပဲ time lapse video တွေကို ဖန်တီးနိုင်တဲ့ app တစ်ခုပါ။ time lapse video ရိုက်ကူးပြီး ပြင်ဆင်နိုင်သလို ဖုန်းထဲမှာ ရှိပြီးသား video ကိုလည်း customize ပြန်လုပ်ပြီး အသုံးပြုလို့ရပါတယ်။ HD resolutions အမျိုးမျိုးနှင့် ရိုက်ကူးသိမ်းဆည်းနိုင်ပြီး video speed ကို 1x မှ 32x အထိ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

Mimicker

Mimickerက Microsoft ထုတ် alarm app တစ်ခုပါ။ ပုံမှန် alarm app တွေနှင့် မတူပဲ စိတ်ဝင်စားဖွယ်ကောင်းတာက သင့်ကို အိပ်ယာမှ နှိူးရာမှာ ပုံမှန်နှင့်မတူပါဘူး။ Alram မှာ ring မြည်လာတဲ့အခါ ring ကိုပိတ်ဖို့ရန်အတွက် ပေးထားတဲ့ task တစ်ခုကို ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ထို task ကို သင့် ဘက်မှ မပြီးမချင်း အသံက ရပ်သွားမှာမဟုတ်ပါဘူး။

လုပ်ဆောင်ရမယ့် task က သုံးခုရှိပါတယ်။ Selfie with Specific Expression, Tongue Twister, Color Capture စသည်ဖြင့် task သုံးမျိုး ပါရှိပြီး နှစ်သက်ရာ task ကို ပြုလုပ်ရန် သတ်မှတ်ပေးနိုင်သလို၊ random task အနေနှင့်လည်း ထားနိုင်ပါတယ်။

Kaizala Chat

Kaizala chat ကတော့ business chat application တစ်ခုပါ။ Personal သုံးထက်ကို အဖွဲ့အစည်းနှင့် သုံးဖို့ရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ Team တစ်ခုဖန်တီးပြီး member တွေကို ထည့်သွင်းကာ လုပ်ငန်းဆောင်ရွက် သတ်မှတ်ခြင်း၊ team member တွေရဲ့location ကို track လုပ်ခြင်း အစရှိသည်တို့ ဆောင်ရွက်နိုင်ပါတယ်။ လုပ်ငန်းနှင့် သက်ဆိုင်တဲ့ bills, report, image အစရှိသည်တွေကို အပြန်အလှန် sharing လုပ်နိုင်ပါတယ်။ Member တစ်ယောက်ရဲ့ location ကို သိလိုလျှင် location request လှမ်းတောင်းပြီး သိရှိနိုင်ပါတယ်။

ဒီ application က လူသိများထင်ရှားမှုတော့ မရှိသေးပါဘူး။ Play Store မှာလည်း rating အနည်းငယ်နှင့် download အနည်းငယ်သာ ရှိပါသေးတယ်။ ဒါပေမယ့် business ပိုင်းနှင့် ပါတ်သက်တဲ့သူတွေ၊ group လိုက် တစ်နေရာစီ အလုပ်လုပ်ဆောင်ကြတဲ့ လူတွေအဖို့ အဆင်ပြေစေနိုင်တဲ့ app တစ်ခုပါ။

Connections – Call Notes

Connections – Call Notes ဖြင့် contact တစ်ခုချင်းစီကို လိုက်ပြီး note တွေ ရေးမှတ်ထားနိုင်ပါတယ်။ ထို့နောက် ထို contact ကို phone ခေါ်ဆိုတဲ့အခါ pop up window လေးပေါ်လာပြီး ရေးမှတ်ထားတဲ့ စာတွေကို ပြသခြင်းဖြင့် သင် လုပ်ဆောင် ပြောဆိုရန် ရှိသည်များကို ပြန်လည်မှတ်မိစေရန် အသိပေးပါလိမ့်မယ်။ Connections note ထဲမှာ contact တစ်ခုချင်းစီကို လိုက်ပြီး သင်ဖုန်းကိုဆိုလိုတဲ့ အချိန်ကို reminder ပေးထားနိုင်ပါသေးတယ်။ Contact တွေကို ရှင်းလင်းလွယ်ကူစေရန် Channel တွေခွဲထားပြီး categorize ပြုလုပ် ထားနိုင်ပါတယ်။

Microsoft ဟာ Microsoft Garage ဆိုတဲ့ project မှနေပြီး Microsoft ရဲ့ အဓိက products တွေနှင့် မသက်ဆိုင်တဲ့ products များစွာကို ထုတ်လုပ်နေပါတယ်။ ယခု Android app တွေက ထို project မှ ထွက်ပေါ်လာတဲ့ အရာတွေပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *