Windows 10 ကို WintoUSB အား အသုံးပြုပြီး USB drive မှာ install လုပ်ပုံ

0 Comments

Windows 10 ကိုလည်း သုံးကြည့်ချင်တယ်။ ကိုယ့် PC မှာ Windows 10 သုံးသင့် မသုံးသင့် မသေချာတဲ့ သူများအတွက် Windows 10 ကို USB pendrive ထဲ install လုပ်ပြီး PC မှာ သုံးစွဲကြည့်နိုင်တဲ့ နည်းလမ်းတစ်ခုကို ဖေါ်ပြပေးပါမယ်။

Windows 10 ဟာ Microsoft ရဲ့ ထုတ်ကုန်ကောင်းတွေထဲက တစ်ခုပါပဲ။ Feature သစ်များစွာကို ထည့်သွင်းပေးထားပြီး user တွေရဲ့ ကြိုက်နှစ်သက်မှုကိုလည်း ရရှိထားပါတယ်။ အကောင်းဆုံးတွေထဲက တစ်ခုကတော့ OS ကို portability ဖြစ်အောင် လုပ်ပေးထားလို့ portable drive တွေထဲမှာ ထည့်သွင်းပြီး အသုံးပြုနိုင်တာက တကယ်မသုံးသေးပဲ စမ်းသပ်လိုသူတွေ အဖို့ ရွေးချယ်စရာတစ်ခုပါပဲ။

Windows 10 ကို Portable OS အဖြစ် ပြုလုပ်ဖို့ အတွက် WintoUSB ဆိုတဲ့ tool လေးကို အသုံးပြုနိုင်ပါတယ်။ ဒီ tool ကို အသုံးပြုပြီး Windows 10 ရဲ့ISO ဖိုင် ကို USB drive ပေါ်မှာ run နိုင်ရန် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

အရင်ဆုံး WintoUSB ကို download ဆွဲ ပြီး install လုပ်လိုက်ပါ။ ထို့နောက် USB drive ကို စက်မှာ တပ်ဆင်လိုက်ပါ။

ပြီးလျှင် WintoUSB ကို install လုပ်ပါ။

Install လုပ်ပြီး run လိုက်မယ်ဆိုလျှင် အောက်ပါအတိုင်း user interface ကို မြင်ရပါလိမ့်မယ်။

Interface ရဲ့ အပေါ်ဘက်မှာ ရှိတဲ့ ISO file ဆိုတဲ့ file browser မှတဆင့် သင့်ရဲ့ Windows 10 ISO ဖိုင်တည်ရှိရာ နေရာကို ချိတ်ဆက်ပေး ရပါမယ်။

ISO ဖိုင်ကို ချိတ်ဆက်ပြီးသွားလျှင် အောက်မှာ install လုပ်နိုင်တဲ့ OS version တွေရဲ့ list ကို ပြပါလိမ့်မယ်။ Drive မှာ install လုပ်လိုတဲ့ version ကို ရွေးချယ်ပေးလိုက်ပြီး Next ကို နှိပ်လိုက်ပါ။

ထို့နောက် Windows 10 OS ကို install လုပ်ပြီး အသုံးပြုလိုတဲ့ Drive ကို ရွေးချယ်ပေးရပါမယ်။

ပြီးလျှင်တော့ Next ကို ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် Windows ISO ဖိုင်ကို drive ပေါ်သို့ စတင် install လုပ်ပေးနေပြီပဲ ဖြစ်ပါတယ်။

Install လုပ်တဲ့ အချိန် အနည်းငယ်ကြာမြင့်ပါမယ်။

Installation process မှာ 100% ဖြစ်သွားပြီဆိုလျှင်တော့ Install successfully ဆိုတဲ့ စာတန်းပေါ်လာမှာ ဖြစ်ပြီး USB drive ဖြင့် Windows 10 ကို စတင်အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။

Windows 10 ဟာ လက်ရှိ နောက်ဆုံးထုတ် OS ဖြစ်တာနှင့်အညီ အရင် version တွေနှင့် မတူတဲ့ interface တွေ၊ feature သစ်တွေကို ထည့်သွင်းဖြည့်စွက် ပေးထားတာကြောင့် OS နှင့် မရင်းနှီးသေးဘူးဆိုရင် portable drive ထဲမှာ အရင်ထည့်သွင်း အသုံးပြုချင်းဖြင့် မိမိနှင့်ကိုက်ညီမှု ရှိ၊ မရှိ စမ်းသပ်ကြည့်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *